26.5.13

ကိုဗဟိန်း အဖမ်းခံရခြင်း ၊ ....

(၂၈-၆-၁၉၁၇  -  ၂၀-၁၁-၁၉၄၆) အသက် ၂၉ နှစ်တွင် ကွယ်လွန်သည်။ ဓါတ်ပုံ - ဖျတ်ခနဲ ....စာအုပ်မှ
ဒေါ်ခင်ကြီး (လေထီးဦးအုန်းမောင်၏ နှစ်ပေါင်း ငါးဆယ် ကြာသောအခါ စာအုပ်မှ)

ကိုဗဟိန်းသည် နယ်ချဲ့ဆန်ကျင်ရေး မြေအောက်လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေရင်း ၁၉၄၁ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်ထဲတွင် အဖမ်းခံခဲ့ရသည်။ ကိုဗဟိန်း အဖမ်းမခံရမှီ မြေအောက်လုပ်ငန်းဖြင့် ပုန်းအောင်းနေရင်း သူ့ဇနီး မခင်ကြီးကို လွမ်းကြောင်း မြည်တမ်းသည့် ဇာတ်ဝင်ခန်းကလေးကို ကိုဗဟိန်း၏ နူးညံ့သည့် နှလုံးသားပုံရိပ်အဖြစ် ဆောင်းပါးအတော်များများမှာ ရေးသားကြသည်ကို ဖတ်ဖူးခဲ့ပါသည်။ ကိုဗဟိန်း အဖမ်းခံရသည့် ဖြစ်စဉ်ကို ဆရာကြီး ဒဂုန်တာရာ ရေးသားမှုနှင့် ဖမ်းဆီးခံရချိန်က ဘေးတွင် အတူပါလာသည့် သခင်တင်မြ တို့၏ ရေးသားမှု ၂ ခုမှ ကောက်နှုတ် တင်ပြချင်ပါသည်။

ဆရာကြီးဒဂုန်တာရာ ရေးသားသည့် ပဒုမ္မာကြာပွင့် အပြုံးရှင် ဆောင်းပါးတွင် အောက်ပါ အတိုင်း ရေးသားထားသည်။

"......... ၁၉၄၁ မိုးအကုန် ၊ မကုန်ခင် လပိုင်းကာလ ဖြစ်မည်ထင်သည်။ ကျွန်တော်၏ မေ ဝတ္ထု ထွက်သည့်လ ပိုင်းလောက်တွင် ကိုဗဟိန်း အဖမ်းခံရသည်။ ထိုအခါက ရွှေဂုံတိုင်ရှိ ခြင်္သေ့ရုပ် လှေကား အထက်နားရှိ ဇရပ်တစ်ဆောင် (ထိုအခါက အင်္ဂလိပ် တော်လှန်ရေး မြေအောက် လျှို့ဝှက်စခန်း) မှ အပြန် ညဘက် အဖမ်းခံရခြင်း ဖြစ်သည်။ ဗဟန်းတွင် ရှိနေစဉ် ထိုညက " မခင်ကြီး လွမ်းတယ်ဗျာ" ဟု ပြောပြီး မြေနုလမ်း အိမ်သို့ အပြန် အဖမ်းခံရခြင်း ဖြစ်သည်ဟု ကြားရဖူးသည်။ ဘယ်လောက် မှန် မမှန်တော့ မသိ။ ယင်း ကာလအပိုင်းက ကျောင်းသား သမဂ္ဂ နှင့် တို့ဗမာ အစည်းအရုံးမှ လုပ်ဖော်ကိုင်ဖက်များ အတော်လေး အဖမ်းခံကြရသည်။ လူချင်း ကွဲသွားကြပြီးနောက် ၁၉၄၂ ဗမာ့လွတ်လပ်ရေး တပ်မတော် ရန်ကုန် ၀င်သောအခါ လူချင်း ပြန်ဆုံကြသည်။ ဂျပန်ခေတ်အတွင်း ဆေးရုံကြီး (ယခုစစ်ဆေးရုံ) တွင် ကိုအောင်ဆန်း ဆေးရုံတက်နေစဉ် ဆုံမိကြရာ ယင်း ကိုဗဟိန်း အဖမ်းခံရသော ပုံပြင်ကို ၀ိုင်းပြောနေကြသည်။ ကိုအောင်ဆန်းက "ခင်ဗျား ဗဟိန်းက ဒီလိုလူဗျ" ဟု ပြောပြီး သဘောကျသလို ရယ်မောနေသည်။..............."

(ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ ၊ ဒဂုန်တာရာ ၊ ပထမအကြိမ် ၊ ၁၉၉၇ ဒီဇင်ဘာ ၊ စာ - ၁၀၅ - ၁၀၆)

၁၉၄၁ ခုနှစ်က သခင်တင်မြသည် သခင်ဗဟိန်း၏ ဦးဆောင်မှုအောက်တွင် မြေအောက်လုပ်ငန်းများကို လုပ်ကိုင်နေရင်း သခင်ဗဟိန်း အဖမ်းခံရချိန်က နဘေးတွင် အတူရှိနေသည်။ သခင်တင်မြက ဘုံဘ၀မှာဖြင့် စာအုပ်တွင် အောက်ပါအတိုင်း ထိုဖြစ်စဉ်ကို ရေးသားထားပါသည်။

(ဘုံဘ၀မှာဖြင့် ၊ သခင်တင်မြ ၊ စတုတ္ထအကြိမ် ၊ ၂၀၀၄ နိုဝင်ဘာလ ၊ စာ ၁၉၂ - ၁၉၅



 






 

* * * * * * * *

7.5.13

ဗိုလ်ကျော်ဇော ထံမှ ပေးပို့သော ထိပ်တန်း လျှို့ဝှက်မှတ်တမ်းများအား မြေမြှုပ်ခဲ့ခြင်း..။ ရဲဘော်ဘခက်..။

ဗိုလ်ကျော်ဇော ထံမှ ပေးပို့သော ထိပ်တန်း လျှို့ဝှက်မှတ်တမ်းများအား မြေမြှုပ်ခဲ့ခြင်း အခန်းကို ရဲဘော်ဘခက် ရေးသားသည့် ဘခက်အကြောင်း စာအုပ် ၊ စာမျက်နှာ ၁၉၈ - ၂၀၂ မှ ကောက်နှုတ်ထားခြင်း ဖြစ်သည်။


(အထက်ပါ ဓါတ်ပုံကို ဗိုလ်မှူးချုပ်ကျော်ဇော ရေးသားသည့် ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ စာအုပ်မှ ကူးတင်ထားပါသည်။)


ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ ၊ ဗိုလ်မှူးချုပ်ကျော်ဇော ၊ ဓူဝံစာအုပ်တိုက် ၊ ဒုတိယအကြိမ် ၊ ၂၀၁၂ အောက်တိုဘာ







-------------------------------------------------------------------



ဘခက်အကြောင်း ၊ ရဲဘော်ဘခက် ၊ အားမာန်သစ်စာပေ ၊ ပထမအကြိမ် ၊ ၂၀၁၂ ဇူလိုင်လ

*  *  *  *  *  *  *  *  *  *