6.5.12

သခင်ဗိုလ် ၊ လေထီး ဦးအုန်းမောင် ၏ နှစ်ပေါင်း ငါးဆယ် ကြာသောအခါ...။

(သခင်ဗိုလ် အမည်ကို သိန်းဖေမြင့်၏ စစ်အတွင်းခရီးသည် စာအုပ်မှ စတင် တွေ့မြင် ရင်းနှီးခဲ့သည်ဟု ထင်ပါသည်။ ဟိုစာအုပ်များ... သည်စာအုပ်များမှာလည်း သခင်ဗိုလ်၏ အမည်ကို ဖတ်ဖူး မှတ်ဖူး သိဖူးခဲ့ပါသည်။ သည်ထက်ပိုမသိခဲ့ပါ။ မိုးဂျာနယ်မှ ဆရာ လေထီးဦးအုန်းမောင်၏  ဆောင်းပါးများကိုလည်း ဟိုတစ သည်တစသာ ဖတ်နိုင်ခဲ့သည်။ လစဉ် စောင့်မဖတ်နိုင်ခဲ့ပါ။ ယခု ဆောင်းပါးများကို စုစည်းထားသည့် စာအုပ်ကို ဖတ်ရမှ သခင်ဗိုလ် နှင့် သူ၏ မိခင်တို့၏ မေတ္တာကို သိရသဖြင့် ၀မ်းနည်းရပါသည်။

လေထီး ဦးအုန်းမောင် နှစ်ပေါင်း ငါးဆယ် ကြာသောအခါ စာအုပ်မှ အပိုင်းလေးအား ဤနေရာတွင် တင်ခွင့်ပြုပါရန် စာအုပ်ဈေး စာအုပ်တိုက် နှင့် စာအုပ်နှင့် သက်ဆိုင်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။ မူရင်းစာအုပ် အနောက်တွင် ဖော်ပြထားသည့် ရှားပါးသည့် သမိုင်းဝင် ဓါတ်ပုံများကိုလည်း စိတ်ဝင်စားသူများ လေ့လာကြည့်ရှုနိုင်ရန် ကူးတင်ထားပါသည်။)


စာအုပ်မျက်နှာဖုံး ၊ ဒီဇိုင်း - မိုးဇင်

စာအုပ်ကျောဖုံး



စာအုပ်ဈေး ၊ ပထမအကြိမ် ၊ ၂၀၁၁ ဒီဇင်ဘာလ

မိုးဂျာနယ်တွင် ၁၉၉၅ ခုနှစ် ဇွန်လမှစ၍ ၁၉၉၇ ခုနှစ် အောက်တိုဘာလ အထိ ရေးသားခဲ့သော
 လေထီး ဦးအုန်းမောင် ၏ နှစ်ပေါင်း ငါးဆယ် ကြာသောအခါ ဆောင်းပါးများအား စုစည်းမှု ဖြစ်ပါသည်။
 လေထီး ဦးအုန်းမောင် ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေပါသည်။

စာအုပ်ဈေး စာအုပ်တိုက်































မျက်နှာဖုံး ပန်းချီ - ပေါ်ဦးသက် + စံတိုး ၊ ပုဂံစာအုပ်တိုက် ၊ စတုတ္ထအကြိမ် ၊ ၁၉၆၈ စက်တင်ဘာလ

ဓါတ်ပုံကို ရာပြည့်အတွေးဆောင်းပါးများ (၁၉၉ရ) စာအုပ် စာမျက်နှာ ၃၁ မှ ကူးယူထားပါသည်။


 လေထီး ဦးအုန်းမောင် ၊ သခင်ဗိုလ်....၊......၊ တို့အကြောင်း လက်လှမ်းမှီရာ ဆောင်းပါးများ..။

၁။ မဲဇာတောသို့ ဒုတိယတခေါက်ပြန်ရောက်ရခြင်း ၊ လေထီးအုန်းမောင် http://mayaonlinemagazine.blogspot.com/2008/01/blog-post_25.html

၂။ ကာနယ်ချစ်ကောင်း ၊ သန်းဝင်းလှိုင်   http://moemaka.com/2011/04/than-win-hlaing-%E2%80%93-colonel-chit-kaung/

၃။ ဖက်ဆစ်တော်လှန်ရေး နှင့် တော်လှန်ရေးစိတ်ဓာတ် ၊ ဒေါ်မြရီ (ကျောက်ဆည်)  http://www.lubo601.com/2011/05/blog-post_9138.html

၎။ လေးစားစံထားရတဲ့ လေထီးဦးအုန်းမောင် ၊ မောင်စွမ်းရည်  http://www.irrawaddyblog.com/2011/12/blog-post_1297.html

၅။ လေထီးဦးအုန်းမောင် ကွယ်လွန်ခြင်း ၁၁နှစ်ပြည့် အခမ်းအနားကျင်းပ  http://popularmyanmar.com/mpaper/archives/33853

၆။ လေထီးဦးအုန်းမောင် (သို့မဟုတ်) သမိုင်းထဲက လူစွမ်းကောင်း-နိဂုံးပိုင်း ၊ ထိန်လင်း http://oothandar.blogspot.com/2008/11/blog-post_21.html


၈။ ဒဂုန်တာရာ အလည်သွားခြင်း ၊ ထက်မြက်

* * * * * * * *

No comments:

Post a Comment