29.11.11

ဒေါက်တာညီညီ ၊ ကျွန်တော့် ဆရာများ ။

ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် စာစောင် အပိုင်း (၁)

၁၉၇၀ ၊ ဒီဇင်ဘာ ၁ ၊ စာမျက်နှာ ၉ - ၁၆ ။










* * * * * * * * * * *

28.11.11

စောသက်လင်း ၊ ခဲစာလုံးဖြင့် စာစီခြင်း (၁)

ပုံနှိပ်ခြင်း အတတ်ပညာသည် ဘီစီ ၃၀၀၀ ခန့်ကတည်းက မက်ဆိုပိုတေးမီးယား (ယနေ့ခေတ်တွင် အီရတ်၊ ဆီးရီးယား အရှေ့မြောက်ပိုင်း၊ တူရကီအရှေ့တောင်ပိုင်းနှင့် အီရန် အနောက်တောင်ပိုင်းတို့ ပါဝင်သောဒေသ) တွင် စတင်သည်ဟု ပညာရှင်များ သတ်မှတ်ထားကြသည်။ ရွှံ့ပြား၊ စဥ့်ပြားများပေါ် သင်္ကေတများ ရေးခြစ်ပြီး အခြောက်ခံခြင်းဖြစ်သည်။

ထို့နောက် ပုံနှိပ်လိုသည်များကို သစ်သားပြားပေါ် ထွင်းပြီး အ၀တ်စ၊ ပိုးထည်စများပေါ် ဖိနှိပ်ပုံပေါ်စေသည့် (woodblock printing) ပုံနှိပ်ပညာကို အာရှတိုက် အရှေ့ပိုင်းတွင် ကျယ်ပြန့်စွာ အသုံးပြုလာခဲ့ကြသည်။ တရုတ်ပြည်တွင် ဘီစီ ၂၂၀ ခန့်က ပိုးထည်စအပေါ် ပုံနှိပ်ထားသည့် သက်သေကို အစောဆုံး အထောက်အထားအဖြစ် ပညာရှင်များက တွေ့ရှိခဲ့သည်။ တရုတ်တို့သည် စက္ကူထုတ်လုပ်သည့် အတတ်ပညာကို ဘီစီ ၁၀၅ ခန့်တွင် တီထွင်တတ်မြောက်ခဲ့ပြီး ပုံနှိပ်ပညာလည်း တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

တရုတ်ရှေးဟောင်း သစ်ထွင်းပုံနှိပ်တုံးများ (Photo – Google Image)

တရုတ်တို့၏ wooden movable type


ဂျပန်နိုင်ငံ တိုကျိုမြို့ ပုံနှိပ်ပြတိုက်ရှိ ၁၄၄၇ ခုနှစ်က ကိုရီးယားသုံး metal movable type
Movable type ဟု ခေါ်နိုင်သည့် ပုံနှိပ်အတတ်ပညာကို တရုတ်ပြည်၌ အေဒီ ၁၀၄၀ ခန့်တွင် စတင်အသုံးပြုလာကြသည်။ တရုတ်လူမျိုး Bi Sheng က စတင်တီထွင် အသုံးပြုခဲ့သည်ဟု တရုတ် ရှေးဟောင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။ သူ၏ နည်းပညာမှာ ရွှံ့စေးတုံးပေါ်တွင် စာလုံးတစ်လုံးချင်း ရေးခြစ်ပြီး မီးဖြင့် အခြောက်ခံသည်။ မာတင်းနေသည့် ရွှံ့စေးစာတုံးများကို သံဘောင်အတွင်း ၀ါကျအလိုက် စီထည့်ပြီး ပုံနှိပ်ခြင်းဖြစ်သည်။
 
တရုတ်တို့၏ ရွှံ့စေးဖြင့် ပြုလုပ်သည့် movable type ပုံနှိပ်ပညာသည် ပြောင်းလဲလာပြီး ၁၂၉၈ ခုနှစ်ခန့်တွင် တရုတ်လူမျိုး Wang Zhen က ရွှံ့စေးအစား သစ်သားဖြင့် ပြောင်းလဲအသုံးပြုခဲ့သည်။ wooden movable type သည် စာလုံးတစ်လုံးချင်းကို သစ်သားဖြင့် ထွင်းထားပြီး သံဖရိန်ဘောင်အတွင်း ၀ါကျအစီအစဉ်အလိုက် စီထည့်ခြင်းဖြင့် သေသပ်စွာ ပုံနှိပ်လာနိုင်ခဲ့သည်။ တရုတ်တို့၏ ပုံနှိပ်ပညာသည် အခြားဒေသများသို့လည်း ပျံ့နှံ့သွားခဲ့သည်။ ၁၂၃၀ ခန့်တွင် ကိုရီးယားတို့က သတ္ထုစာလုံးများကို အသုံးပြုသည့် metal movable type ကို တီထွင်ခဲ့ကြသည်။

၁၄၄၀ ၀န်းကျင်တွင် ဂျာမနီ နိုင်ငံသား ဂူတင်ဘတ် (Johannes Gutenberg) က လွယ်ကူစွာ အသုံးပြုနိုင်သည့် ပုံနှိပ်စက်ကို တီထွင်အပြီးတွင် ပုံနှိပ်ပညာသည် တဟုန်တိုး တိုးတက်လာသည်။

ပုံနှိပ်ခြင်းလုပ်ငန်းတွင် အဓိက အပိုင်း ၂ ပိုင်းရှိ၏။ စာစီခြင်းနှင့် ပုံနှိပ်စက်ဖြင့် ပုံနှိပ်ခြင်းတို့ဖြစ်သည်။ ထိုအပိုင်း ၂ ပိုင်းတွင် အဓိက ပြောင်းလဲတိုးတက်လာသည်မှာ ပုံနှိပ်စက်များ၏ စွမ်းဆောင်ရည်ဖြစ်သည်။ တစ်နာရီလျှင် စာရွက်ရေ ၅၀ ခန့် ရိုက်နိုင်သည့် လက်နှိပ် ပုံနှိပ်စက်မှ တစ်နာရီလျှင် ရောင်စုံ၊ အရွယ်စုံ စာရွက်ရေ ထောင်ချီရိုက်နိုင်သည့် ပုံနှိပ်စက်များအဖြစ် တိုးတက်လာခဲ့သည်။

စာစီသည့် နည်းပညာမှာ ဂူတင်ဘတ် လက်ထက်က စာစီသည့်စနစ်မှ သိသိသာသာ ပြောင်းလဲခြင်း မရှိခဲ့ပေ။ ရှေးကတည်းက စာစီနည်းပညာဖြစ်သည့် စာလုံးပုံဖော်ထားသည့်  ရွှံ့စေးစာတုံးများ၊ သစ်သားစာတုံးများ၊ သတ္ထုစာတုံးများကို သံဖရိန်ဘောင်အတွင်း စာကြောင်းအလိုက် စီထည့်သည့် စနစ်ကို အသုံးပြုရ အဆင်ပြေအောင် မွမ်းမံခဲ့သည်လောက်သာရှိသည်။ စာလုံးများ လှပလာခြင်း၊ လွယ်ကူစွာ စီနိုင်ခြင်း၊ စနစ်ကျလာခြင်းများမှအပ အခြေခံ သဘောတရားမှာ အတူတူပင်ဖြစ်သည်။ ကွန်ပြူတာစာစီစနစ် ပေါ်လာမှ စာစီနည်းပညာသည် တဆစ်ချိုး ပြောင်းလဲသွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှေးက စာရေးသားမှုများကို ပေရွက် ပုရပိုက်၊ ကျောက်ပြား၊ နံရံ စသည်တို့တွင် ရေးသားခဲ့ကြသည်။ မြန်မာပြည်သို့ ဥရောပမှ ပုံနှိပ်ပညာ ရောက်ရှိလာပုံကို လက်လှမ်းမှီသမျှ စာအုပ်အချို့မှ အကျဉ်း လေ့လာကြည့်မိပါသည်။ (နားလည်တတ်ကျွမ်းသည့် ပညာရှင်များက ထိုအကြောင်းကို သမိုင်းစာတမ်း ပြုစုလျှင် ပိုမိုသင့်တော်မည်ဟု ယူဆပါသည်။)

မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ပုံနှိပ်စက်နှင့် ခဲစာလုံးများကို စတင် အသုံးပြုသူမှာ အမေရိကန်နိုင်ငံသား ခရစ်ယာန် သာသနာပြု ယုဒသန် (Adoniram Judson) ဖြစ်သည်။ သူသည် ၁၈၁၃ ဇူလိုင် ၁၃ ရက်တွင် အိန္ဒိယမှ ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။ ရန်ကုန်တွင် ၃ နှစ်ကျော်ကြာအောင် မြန်မာစာနှင့် စကားကို သင်ယူပြီး သာသနာပြုရန် ပြင်ဆင်ခဲ့သည်။ သူသည် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကိုလည်း ပြုစုပြီး ခရစ်ယာန် ကျမ်းစာများကို မြန်မာဘာသာ သို့ ပြန်ဆိုခဲ့သည်။

၁၈၁၆ ခုနှစ်တွင် ဘင်္ဂလား ပြည်နယ် စရန်ပူ သာသနာပြုကောလိပ်က  ပုံနှိပ်စက်တစ်လုံးနှင့် မြန်မာ ခဲစာလုံးများကို  လက်ဆောင်ပေးပို့လိုက်သည်။ ပုံနှိပ်စက်နှင့်အတူ “ဟောက်” ဆိုသူ ပုံနှိပ်ပညာရှင် အမေရိကန် သာသနာပြု တစ်ဦးလည်း ရောက်ရှိလာသည်။ ထို့နောက် ကျမ်းစာများကို ပုံနှိပ်ခဲ့သည်။ ဤပုံနှိပ်စက်နှင့် မြန်မာခဲစာလုံးများသည် မြန်မာပြည်တွင် ပထမဆုံး အသုံးပြုခဲ့သည့် ပုံနှိပ်ကိရိယာများဖြစ်ဖို့ ရာခိုင်နှုန်း အတော်များပါသည်။

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ (၁၈၂၄-၂၆) အပြီးတွင် အင်္ဂလိပ်တို့က တနင်္သာရီနှင့် ရခိုင်တို့ကို သိမ်းပိုက်လိုက်သည်။ စစ်ပွဲပြီးသည့် အချိန်မှာပင် မော်လမြိုင်မြို့သို့ အမေရိကန် သာသနာပြုများ ရောက်ရှိလာကြသည်။ သူတို့နှင့်အတူ ပုံနှိပ်စက်များ ပါလာပြီး မြန်မာစာ၊ ကရင်စာဖြင့် စာအုပ်များ ပုံနှိပ်ဖြန့်ချိကြသည်။

၁၈၅၃ ခုနှစ်တွင် ရန်ကုန်မြို့၌ ပထမဆုံး သတင်းစာကို ပုံနှိပ်ထုတ်ဝေသည်။ ထိုနောက်ပိုင်းတွင် ရန်ကုန်မြို့၌ သတင်းစာတိုက် အများအပြား ထွက်ပေါ်လာခဲ့ပါသည်။ ထို့ကြောင့် ၁၈၅၀-၆၀ ခုနှစ်များတွင် အောက်မြန်မာပြည် ရန်ကုန်မြို့၌ ပုံနှိပ်တိုက်များ ရှိနေပြီဟု ဆိုနိုင်သည်။ မင်းတုန်းမင်း အုပ်စိုးနေသည့် အထက်မြန်မာပြည် မန္တလေးမြို့၌ ရတနာပုံနေပြည်တော် သတင်းစာကို ၁၈၇၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ ထို့ကြောင့် ၁၈၇၄ ခုနှစ်တွင် မန္တလေးမြို့၌ ပုံနှိပ်တိုက်များ ရောက်ရှိလုပ်ကိုင်နေပြီဟု ဆိုနိုင်သည်။

ဆရာကြီးမောင်ထင် ပြုစုသည့် ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း စာအုပ်တွင် ယောမင်းကြီး ဘာသာပြန်ဆို ပြုစုသည့် စာအုပ်များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ပုံနှိပ်တိုက်များတွင် ပုံနှိပ်သည်ဟု ဖတ်ရပါသည်။ ထို့ကြောင့် ပုံနှိပ်ခြင်း နည်းပညာကို မင်းတုန်းမင်းလက်ထက်ကတည်းက အထက်နှင့်အောက် မြန်မာပြည်တွင် တတ်ကျွမ်းနေကြပြီဟု ယူဆနိုင်ပါသည်။

ခဲစာလုံးများဖြင့် ပုံနှိပ်ခြင်း အတတ်ပညာသည် မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့သွားပြီး နှစ်ပေါင်းများစွာကြာအောင် ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ကွန်ပြူတာဖြင့် စာစီသည့် လုပ်ငန်းများ တွင်ကျယ်စွာ အသုံးပြုလာသည့် (၁၉၉၅-၂၀၀၅) ဆယ်စုနှစ်အတွင်း ခဲစာလုံးဖြင့် စာစီပုံနှိပ်သည့် လုပ်ငန်းများ တဖြည်းဖြည်း ရပ်ဆိုင်း ကွယ်ပျောက်သွားခဲ့ကြသည်။ ယခုချိန်တွင် တစ်နိုင်ငံလုံး၌ ခဲစာလုံးဖြင့် စာစီပုံနှိပ်သည့်လုပ်ငန်းများ လုံးဝ မရှိတော့ဟု သတ်မှတ်နိုင်သည်။

ခဲစာလုံးစာစီသူ အလုပ်သမား လူတန်းစား (Hand Compositor) လည်း ပျောက်ကွယ် သွားခဲ့သည်။ ကျွန်တော်သည် ခဲစာလုံး စာစီသမားအလုပ်ကို နှစ်အနည်းငယ် ထုံ့ပိုင်းထုံ့ပိုင်း လုပ်ကိုင်ခဲ့ဖူးပါသည်။ တတ်ကျွမ်းခဲ့သည့် စာစီပညာအား အမှတ်တရ ဖြစ်စေရန် အင်တာနက်မှ ရှာဖွေရရှိသည့် ဓာတ်ပုံများ အကူအညီဖြင့် မှတ်သားထားပါသည်။

ခဲစာလုံးဖြင့် စာစီပြီး ပုံနှိပ်သည့်လုပ်ငန်းစဉ်ကို အောက်ပါအတိုင်း သတ်မှတ်နိုင်သည်။

၁။ ခဲစာလုံးများဖြင့် စာစီသမားက စာမျက်နှာများ စီခြင်း။

၂။ စာစီထားသည့် စာမျက်နှာများကို စာဖောင်ဖွဲ့သမားက စာဖောင် (Chase) သံဘောင်များဖြင့် စားပွဲပေါ်တွင် စာဖောင်ကို ပြင်ဆင်ဖွဲ့စည်းခြင်း။

၃။ စာဖောင်ကို ပုံနှိပ်စက်ပေါ်တင်၍ ပုံနှိပ်စာကြမ်း ၃၊ ၄ ရွက်ခန့် ပုံနှိပ်ခြင်း။

၎။ ပုံနှိပ်စာကြမ်းများကို စာစစ်သူက အမှားအမှန် စစ်ဆေးခြင်း။ (Proof) ပရု(ဖ်)ဖတ်သည်ဟု သုံးနှုန်းပါသည်။ စာလုံးအမှားစစ်သည့် ပရု(ဖ်)ဖတ်ခြင်းသည် ပုံနှိပ်လုပ်ငန်းတိုင်းတွင် လိုအပ်သည်။ (ယခုအခါ ဂျာနယ်အချို့တွင် စာလုံးအမှားများ ပါဝင်နေခြင်းမှာ ပရု(ဖ်)ဖတ် အားနည်းခြင်းကြောင့်ဖြစ်သည်။)

၅။ စာဖောင်ကို စက်ပေါ်မှ စားပွဲပေါ် ပြန်ချထားပြီး စာအမှားများ ပြင်ဆင်ခြင်း။ (စာလုံးအနည်းငယ်မှားလျှင် ပြင်ရလွယ်ကူသော်လည်း ၀ါကျများ မှားပါက ပြင်ဆင်ရ ခက်သည်။ ထိုအခါ စက်ရိုက်သမားနှင့် စာစီသမားများ စကားများကြရတော့သည်။)

၆။ စာပြင်ပြီးသွားသည့် စာဖောင်ကို ပုံနှိပ်စက်ပေါ် တင်ပြီး လိုအပ်သလို ပုံနှိပ်ခြင်း။ (ရောင်စုံ ပုံနှိပ်ခြင်းသည် ပုံနှိပ်စက်သမားနှင့် သက်ဆိုင်ပါသည်။ စာစီသမားနှင့် မဆိုင်ပါ)

၇။ ပုံနှိပ်ပြီးသွားသည့် စာရွက်များကို ဖြတ်ခြင်း၊ စာရွက်များ ထပ်ခြင်း၊ စာအုပ်ချုပ်ခြင်း စသည့် လုပ်ငန်းအဆင့်များ သတ်မှတ်နိုင်သည်။

ကျွန်တော်သည် အထက်ပါ အဆင့်များထဲမှ (၁ နှင့် ၂) အကြောင်းကို ခဲစာလုံးဖြင့် စာစီခြင်း (Letterpress Printing) အဖြစ် အောက်ပါအတိုင်း အနည်းငယ် အကျယ်ချဲ့လိုပါသည်။

၁။ ခဲစာလုံး (Letter sort)

၂။ ခဲစာလုံး စီရာတွင် အသုံးပြုရသည့် စတစ် (Compositing Stick)

၃။ စာခွက်များ ၊ စာခွက်ဇယားနှင့် စာခုံ (Sort case)

၎။ စာစီခြင်း (Hand Compositing) နှင့် စာပစ်ခြင်း။

၅။ အပိုစာခုံများ၊ စာဗန်း (Galle) နှင့် စာဖောင် (Chase)

ယခုအခါ ခဲစာလုံး စာစီသည့် ပညာရပ်သည် တိမ်မြုပ်ပျောက်ကွယ် သွားပြီဖြစ်သည်။ တခြားနိုင်ငံများတွင် နှောင်းလူတို့အတွက် ပုံနှိပ်ပြတိုက် (Printing Museum) များ သီးသန့်ထားရှိပြီး မှတ်တမ်းတင်ထားသည်ကို တွေ့မြင်နိုင်သည်။ စာစီပညာဖြင့် ၀င်ငွေရှာ အသက်မွေးဝမ်းကျောင်းရန် မဖြစ်နိုင်တော့သော်လည်း စာစီပညာကို တတ်ကျွမ်းခဲ့ရသည့် အတွက်တော့ ၀မ်းသာနေမိပါသည်။

* * *

၁။ ခဲစာလုံး (Letter sort)


ခဲစာလုံး တစ်ခု၏ အစိတ်အပိုင်းများ

a – face, b – body or shank, c – point size, 1 – shoulder, 2 – nick, 3 – groove, 4 – foot
ဖော်ပြပါပုံသည် အင်္ဂလိပ် H (Capital letter) စာလုံးကို ပုံနှိပ်ပေးနိုင်မည့် ခဲစာလုံးဖြစ်သည်။

a – (face) ပုံနှိပ်ပေးမည့် မျက်နှာပြင်ဖြစ်သည်။ မှင်လုံးသည် မျက်နှာပြင်ကို ဖြတ်သန်းသွားမည်ဖြစ်ပြီး စာရွက်နှင့် ဖိကပ်လိုက်သည့်အခါ စာရွက်ပေါ်တွင် H ပေါ်လာမည်ဖြစ်သည်။ ကွန်ပြူတာတွင် Bold letter နှင့် Normal letter ကို ရွေးချယ်နိုင်သကဲ့သို့ ခဲစာလုံးတွင်လည်း ရွေးချယ်နိုင်သည်။ Bold အတွက် မျက်နှာပြင်သည် Normal မျက်နှာပြင်ထက် ပိုကျယ်နေမည်ဖြစ်ပြီး ပုံနှိပ်လျှင် မှင်များများဖြင့် သိသိသာသာ မည်းနေမည်ဖြစ်သည်။

b – ခဲစာလုံးတောင့် ကိုယ်ထည်ဖြစ်သည်။ အကျယ်မှာ အက္ခရာပေါ်မူတည်၍ တစ်ခုနှင့် တစ်ခုကွာခြားပါသည်။ (က) အက္ခရာ ခဲစာလုံး၏ အကျယ်မှာ (ခ) အက္ခရာထက် ပိုကျယ်ပါသည်။ W သည် A ထက် ပိုကျယ်ပါသည်။

c – ခဲစာလုံးတွင် Point size ဟု သုံးပြီး ကွန်ပြူတာတွင် Font size နှင့် အတူတူဖြစ်ပါသည်။ အသုံးများသည့် မြန်မာ Point size မှာ ၁၄၊ ၁၆ နှင့် ၂၄ တို့ဖြစ်သည်။ ပုံမှန် မှာ ၁၄ ပွိုင့်ဖြစ်သည်။

1 – ၀ါကျလိုင်းများကို ညီညာအောင် ချဲပေးသည်။ 1 ၏ မျက်နှာပြင်သည် a ထက်နိမ့်နေသဖြင့် ပုံနှိပ်လျှင် 1 ၏ မျက်နှာပြင်သည် စာရွက်ပေါ်တွင် ပေါ်လာမည် မဟုတ်ပေ။

2 – ခဲစာလုံး စာစီသူအတွက် အရေးကြီးသည့် အမှတ်အသားဖြစ်သည်။ စီလိုက်သည့် စာလုံးသည် အထက်အောက် ပြောင်းပြန်ဖြစ် မဖြစ်ကို ထိုအမှတ်အသားကို ကြည့်ရုံဖြင့် စာစီသူက သိနိုင်သည်။ ထိုမြောင်းလေးသည် စာစီသူဘက် အမြဲတမ်း လှည့်ထားရမည်ဖြစ်သည်။

3 နှင့် 4 – ပုံနှိပ်ခြင်းနှင့် မသက်ဆိုင်သော အပိုင်းများဖြစ်သည်။ (ကျွန်တော့်အထင် 3 မြောင်းသည် အသုံးပြုသည့် ခဲ အလေးချိန်လျော့စေရန် ပြုလုပ်ထားခြင်းဖြစ်သည်။)

အထက်ပါ အညွန်းထဲတွင် မပါသည့် အတိုင်းအတာ တစ်ခုမှာ ခဲစာလုံး၏ အထူ ဖြစ်သည်။ (1 မျက်နှာပြင်နှင့် 4 မျက်နှာပြင်၏ အကွာအဝေး) အထူသည် တစ်ကမ္ဘာလုံး တညီတည်းဖြစ်သည်။ သို့မှသာ ပုံနှိပ်စက်များ၏ မှင်လုံးကို ပြန်ချိန်ဆစရာ မလိုဘဲ အသုံးပြုနိုင်မည်ဖြစ်သည်။ (အတိုင်းအတာ အတိအကျကို မမှတ်မိပါ။ သိထားသင့်သည့် အတိုင်းအတာဖြစ်သည်။)

နောက်ထပ် အရေးကြီးသည့် အချက်မှာ ခဲစာလုံးများသည် မူလပြုလုပ်ထားကတည်းက ပြောင်းပြန်ပေါ်နေပါသည်။ Negative ဖြစ်သည်။ သို့မှ ပုံနှိပ်သည့်အခါ စက္ကူပေါ်တွင် အတည့်ပေါ်လာမည်ဖြစ်သည်။ Positive ဖြစ်လာမည်။ ဖလင်မှာ ပုံများ Negative ဖြစ်နေပြီး ဓါတ်ပုံကူးသည့်အခါ Positive ဖြစ်လာသကဲ့သို့ပင်။

စာချဲတုံး (Spacer) ။   ။ ကွန်ပြူတာနှင့် စာစီသည့်အခါ စကားလုံးတစ်ခုနှင့် တစ်ခုကြား စာချဲလိုလျှင် space ယူရသကဲ့သို့ ခဲစာလုံး စာစီရာတွင်လည်း စာချဲရပါသည်။ စာချဲရန် စာချဲတုံးများကို အသုံးပြုရသည်။ စာချဲတုံးသည် ခဲစာလုံးများနှင့် အတူတူပင်ဖြစ်ပြီး ခဲစာလုံး၏ အထူသာ နိမ့်ပြီး ကွာခြားနေပါသည်။ သို့မှသာ ပုံနှိပ်သည့်အခါ စာချဲတုံးနေရာမှာ မှင်မထင်ဘဲ ကွက်လပ်ကလေး ဖြစ်လာမည်ဖြစ်သည်။ ကွန်ပြူတာနှင့် စာချဲခြင်းသည် လွယ်ကူသလောက် ခဲစာစီသမားအတွက် စာချဲရခြင်းသည် ခက်ခဲပါသည်။ အောက်ကပုံတွင် စကားလုံး တစ်လုံးနှင့် တစ်လုံးကြား နိမ့်နေသည့် စာချဲတုံးများကို တွေ့မြင်နိုင်ပါသည်။ စာချဲရင်း နောက်ဆုံးမည်သို့မျှ ညှိမရတော့လျှင် စက္ကူဂျပ်ထူကလေးများကို ကြားညှပ်ထည့်ပေးရသည်။ စက္ကူဂျပ်ထူများ အသုံးများလျှင်လည်း စာဖောင်မကျပ်ဘဲ ပြိုကျသွားတတ်သည်။

(ဆက်လက်ဖော်ပြပါမည်)

စောသက်လင်း

ရည်ညွန်းကိုးကားစာအုပ်များ

၁။ မောင်သစ်လွင် (လူထု)၊ ကိုလိုနီခေတ် တိုက်ပွဲဝင် သတင်းစာ၊ မြန်မာနိုင်ငံ သတင်းစာသမိုင်း အကျဉ်းချုပ် (၁၈၃၆-၁၉၄၈)၊ စိန်ပန်းပွင့်ချိန် စာအုပ်တိုက် (e Book)
၂။ မောင်ထင်၊ ယောမင်းကြီး ဦးဖိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း (e Book)
၅။ ဓာတ်ပုံများကို အင်တာနက်မှ ရယူပါသည်။

* * * * * * * * * * * * * * *

27.11.11

ကြေးမုံ ဦးသောင်း ၊ ဗမာ့ခေတ်မှ ကြေးမုံသို့ နှင့် ညိုမြ၏ နိဒါန်း...။




















အောက်ပါ ဓါတ်ပုံ ၂ ပုံကို ဤနေရာမှ ရယူထားပါသည်။ http://www.irrawaddyblog.com/2011/11/blog-post_24.html

ကြေးမုံဦးသောင်း (Photo: Moemaka)

ဗမာ့ခေတ် ဦးအုန်းခင် (Photo: nyilynnseck blog)

* * * * * * * * *

20.11.11

တော်လှန်ကဗျာ နှင့် မောင်ချောနွယ်၏ ကြွေဒါကိုက ပွင့်ခြင်းဘဲ....။












မောင်ချောနွယ်၏ ကြွေဒါကိုက ပွင့်ခြင်းဘဲ....။



အောင်ဇင်မင်း ၏ အလွှာနှစ်ခု၏ စပ်ကြားမှာ



* * * * * * * * * * *

တော်လှန်ကဗျာ နှင့် ဆက်စပ် စာမျက်နှာများ....။

http://remembranceofburma.blogspot.com/2010/11/blog-post_12.html

http://nyogyi.wordpress.com/2009/07/21/

http://bigbbrown.multiply.com/journal/item/309

http://sites.google.com/site/poetmyatwai/tlkb/--19

http://friendsdaygroup.ning.com/profiles/blogs/2293535:BlogPost:1183143

http://www.mizzimaburmese.com/special/3/2642-2009-03-23-10-52-15.html

http://www.naytthit.net/?p=2157

http://pyaygti.net/profiles/blogs/2942647:BlogPost:48859

* * * * * * * * * * *

16.11.11

လူထုဒေါ်အမာ ၊ မောင်ပေါ်ဦးရေ...။

မြန်မာ့ခေတ်သစ်ပန်းချီ

လူထုဒေါ်အမာ

ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၁ နိုဝင်ဘာ ၁၉၉၇ ၊ စာမျက်နှာ ၁၃၂ - ၁၃၆ ။

ဆရာမကြီး လူထုဒေါ်အမာ၏ မြန်မာ့ခေတ်သစ်ပန်းချီ စာအုပ်မှ  မောင်ပေါ်ဦးရေ ဆောင်းပါးကို ကူးယူဖော်ပြခွင့်ပြုပါရန် သက်ဆိုင်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။


စစ်ကိုင်းတောင် ၊ ပန်းချီ ပေါ်ဦးသက်
ပန်းချီပုံကို ပေါ်ဦးသက် အမှတ်တရ စာအုပ်မှ ယူပါသည်။



 ပန်းချီပုံကို မြန်မာ့ခေတ်သစ်ပန်းချီ စာအုပ်မှ ယူပါသည်။



ပန်းချီပုံကို မြန်မာ့ခေတ်သစ်ပန်းချီ စာအုပ်မှ ယူပါသည်။








* * * * * * * * *